ကျိုင်းတုံမြို့တွင် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း (Review Meeting) ပြုလုပ်ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်                    

     ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Emergency Operation Center Room) တွင် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း (Review meeting) ကို (၁၄.၁၀.၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ နေပြည်တော် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၊ အထွေထွေ ရောဂါကုသမားတော်၊ ကလေးအထူးကုသမားတော်နှင့် ပြည်နယ်အထူးရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ထားပြီးသော လုပ်ငန်းများအား သုံးသပ်ဆွေးနွေးကြကာ ရှေ့ဆက်အားဖြည့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ကြပါသည်။

 

More Tags