ကျိုင်းတုံမြို့တွင် “ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ပြည်နယ်အဆင့်သင်တန်း” ကျင်းပဆောင်ရွက်

ကျိုင်းတုံမြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ “ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ပြည်နယ်အဆင့်သင်တန်း” ကို (၁၁-၁-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် အကြံပေးပုဂ္ဂိုလ်များဖြစ်သော ဒေါက်တာသန်းထိန်ဝင်း(Unicef)၊ ဒေါက်တာခိုင်ခိုင်ကြီး (WHO) နှင့် ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာထွန်းတို့မှ သင်တန်းပို့ချပေးခဲ့ပါသည်။

 

     ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ပြည်နယ်အဆင့်သင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ၊ HPA အဖွဲ့မှ တာဝန်ရှိသူများ၊ “ဝ”အထူးဒေသ(၂)နှင့်(၄) ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း (၄၁) ဦး တက်ရောက်ခဲ့ပါသည်။

More Tags