ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများ ညီလာခံ (Supervisor Level) ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Access To Health Fund အထောက်အပံ့ဖြင့် ပြည်နယ်အဆင့်အခြေခံကျန်းမာရေးဝန်ထမ်းများ ညီလာခံ (Supervisor Level) ကို (၉.၉.၂၀၁၉) ရက်နေ့မှ (၁၀.၉.၂၀၁၉) ရက်နေ့အထိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်အသီးသီးရှိ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးအဆင့်(၁) များ၊ ပြည်သူ့ကျန်းမာရေးဆရာမကြီးများ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ နှင့် ကျန်းမာရေးကြီးကြပ်(၁) များ မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများ၊ လူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုရှာဖွေခံယူခြင်း မြင့်မားလာစေရေးအတွက် ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲပြဿနာများ၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလက်လှမ်းမီ ရယူနိုင်ရေးအတွက်စိန်ခေါ်မှုများ၊ ဝန်ထမ်းများ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၏ မျှော်မှန်းချက်များ၊ ပြည်နယ်အတွင်း ဌာနအပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများအား အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး အားလုံးပါဝင်သော သဘောတူညီချက်များနှင့် တိကျသောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။

More Tags