ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ကော်မတီ အစည်းအဝေးကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်

     Access To Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော “Promoting Health Seeking and Improving Access to Quality Health Care in Eastern Shan State Project”နှင့်ပတ်သက်၍ ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ကော်မတီ ဖွဲ့စည်းရန်၊ စတုထ္တ(၃)လပတ် လုပ်ငန်းအစီအစဉ်ရေးဆွဲရန်၊ ပြည်နယ်အတွင်း Access To Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ အခက်အခဲများနှင့် ရှေ့ဆက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ် များအား ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ကော်မတီ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံမြို့) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ကော်မတီ ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏တာဝန်နှင့်ဝတ္တရားများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စတုထ္တ(၃) လပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကျန်းမာရေးစနစ် မြှင့်တင်ရေး လုပ်ငန်းစဉ်များအား လည်းကောင်း၊ ပြည်နယ်အတွင်း Access To Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းပြီးစီးမှု အခြေအနေများ၊ အခက်အခဲများ နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအားလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

More Tags