ကျိုင်းတုံမြို့တွင် ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့် ဆင့်ပွါးသင်တန်းပို့ချ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     (၁၉.၈.၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်အဆင့် ဆင့်ပွါးသင်တန်းပေးခြင်းကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်မည့် (ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မက်မန်း) မြို့နယ်များမှမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် သက်ဆိုင်ရာတာ ဝန်ခံများ၊ HPA နှင့်တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ခံများ တက်ရောက်ခဲ့ကြကာ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဏုစိတ်စီမံချက်ရေးဆွဲခြင်းလုပ်ငန်းများအားဆွေးနွေး ပို့ချခဲ့ပါသည်။

More Tags