ကျိုင်းတုံမြို့တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ကျင်းပ

ကျိုင်းတုံမြို့၊ ဧပြီလ (၁) ရက်

     ရှမ်းပြည်နယ်အရှေ့ပိုင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ပြည်နယ်အဆင့် နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကို (၁-၄-၂၀၁၉) ရက်နေ့မှ (၂-၄-၂၀၁၉) ရက်နေ့တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ပြီး မြို့နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော HPA, MHAA အဖွဲ့မှ တာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     ဆွေးနွေးပွဲတွင် တစ်နှစ်တာလုပ်ဆောင်မှုများ၏ ရလာဒ်များ၊ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့် ရှေ့ဆက်ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပြီး ထူးချွန်စွာ လုပ်ဆောင်ခဲ့ကြသော မြို့နယ်များကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

More Tags