ကျိုင်းတုံမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းပွဲနှင့် သင်တန်းကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

     (၁၆.၁၁.၂၀၁၉) ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် “ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊ အသိပေးရှင်းလင်းပွဲနှင့်သင်တန်း” အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးဝင်းမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်နှင့် ရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှလည်း “ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်း များ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း” နှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွမ်းခမ်းမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု အန္တရာယ်နှင့် သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများ အကြောင်း အားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးနိုင်ဦး(မကူးစက်)မှလည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးရေး ထိန်းချုပ်ရေးဉပဒေနှင့် ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများအကြောင်း အသီးသီးဆွေးနွေးခဲ့သည်။

More Tags