“ကိုယ်အင်္ဂါချို့ယွင်းမှု ပိုမိုဆိုးဝါးမသွားအောင် ကာကွယ်တားဆီးရေး ဆရာဖြစ်သင်တန်း” ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

     ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၀.၁၁.၂၀၁၉) ရက်နေ့မှ (၂၁.၁၁.၂၀၁၉) ရက်နေ့အထိ “ကိုယ်အင်္ဂါချို့ယွင်းမှု ပိုမိုဆိုးဝါးမသွားအောင် ကာကွယ်တားဆီးရေး ဆရာဖြစ်သင်တန်း”ကို Access to Health Fund ၏အထောက်အပံ့ဖြင့် ကျင်းပခဲ့သည်။ သင်တန်းတွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းမှ သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍သင်တန်းဆရာများအဖြစ် အကြောအဆစ်ကုထုံးပညာရှင် ဒေါ်အေးမြင့်ခိုင်မှ ခေါင်း၊ ခါး၊ လက်၊ ခြေဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်းကောင်း၊ ခြေတုလက်တုပညာရှင် ဒေါ်မြင့်ဉ္ဇူကျော်မှ ခြေတုလက်တုတပ်ဆင်မှု၊ အသုံးပြုမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဒေါက်တာကျော်ကျော်လင်းမှလည်း ကိုယ်အင်္ဂါချို့ယွင်းမှုပိုမိုဆိုးဝါးမသွားအောင် ပြုစုကုသရေးနှင့် စောင့်ကြပ်ကြည့်ရှုနိုင်ရေးအတွက်လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့သည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များမှ ကျန်းမာရေးမှူးများ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေးဆရာများနှင့် ကျန်းမာရေးကြီးကြပ် (၁) များ စုစုပေါင်း အင်အား (၃၃) ဦးတက်ရောက်ခဲ့သည်။

More Tags