ကျိုင်းတုံမြို့တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) အသိပညာပေးသင်တန်းနှင့် စစ်ဆေးကုသပေးခြင်းလုပ်ငန်း ကျင်းပဆောင်ရွက်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့၌ တွဲဖက်ပြည်နယ်ပညာရေးဉီးစီးဌာန၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) အသိပညာပေးသင်တန်းနှင့် စစ်ဆေးကုသပေးခြင်းလုပ်ငန်းကို ကျင်းပဆောင်ရွက်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေး လုပ်ငန်းများကို လည်းကောင်း၊ တွဲဖက်ပြည်နယ်ပညာရေးဉီးစီးမှူးကိုယ်စား တွဲဖက်ပြည်နယ် ပညာရေး လက်ထောက်ညွှန်ကြားရေးမှူး ဉီးမြင့်လွင်က ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့သည်။ ထို့နောက် ကုသရေးဉီးစီးဌာနမှ ဒေါက်တာခင်မောင်၊ ညွှန်ကြားရေးမှူး (သွားနှင့်ခံတွင်းကျန်းမာရေး) ဉီးဆောင်သောအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ ကျောင်းများမှ ကျောင်းဆရာ/ဆရာမ (၁၅၀) ဉီးအား “သွားကျန်းမာရေး အသိပညာပေး သင်တန်း” ကို ပို့ချ ပေးခဲ့သည်။

 

     ဒီဇင်ဘာ (၂) ရက်နေ့တွင် သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူ (၁၈၇) ဉီးအား သွားနှင့်ခံတွင်း ရောဂါများကို စစ်ဆေးပေးခဲ့ပြီး (၉၇) ဉီးအား ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

More Tags