ကျိုင်းတုံမြို့တွင် State Level Supervisor Level Training သင်တန်း ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံမြို့တွင် ကြီးကြပ်အုပ်ချုပ်သူအဆင့်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကြီးကြပ်အုပ်ချုပ်မှုဆိုင်ရာ အရည်အသွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၉) ရက်နေ့မှ (၁၉-၈-၂၀၁၉) ရက်နေ့အထိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမတွင် State Level Supervisor Level Training သင်တန်း ကျင်းပပြုလုပ်ခဲ့ပြီး ကြီးကြပ်အုပ်ချုပ်သူ ဝန်ထမ်းများ (၂၆) ဦးတက်ရောက်ခဲ့ပါသည်။

More Tags