ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပေးဆွေးနွေးပွဲ

မကွေး၊ နိုဝင်ဘာ (၁)ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲသည် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်နှင့် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထုများပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် ရည်ရွယ်၍ (၂၀၁၈-၂၀၁၉)ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျောင်းကျန်းမာရေး ကော်မတီဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့မှ ကျောင်းကျန်းမာရေး တာဝန်ခံများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲများပြုလုပ်ရန် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့က မကွေးတိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကွေးမြို့တွင်ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာ ရေးအသိပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာမိုးဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်း မာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ)က ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်အသေး စိတ်နှင့်၊ ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာရေး) က ကျောင်းကျန်းမာရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏တာဝန်ဝတ္တရားများအားလည်းကောင်း၊ ကျောင်းကျန်းမာရေးဌာနခွဲမှ အသစ်ပြင်ဆင်ထုတ်ဝေထားသော ကျောင်းကျန်းမာရေးလက်စွဲနှင့် မြို့နယ်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေး သင်တန်းဆရာလက်စွဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အသိပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မကွေးတိုင်းဒေသ ကြီး ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့်ခရိုင်အခြေခံပညာဦးစီးဌာနများမှ ကျောင်းကျန်းမာရေးတာဝန်ခံများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ ကြပါသည်။

 

 

 

 

 

More Tags