ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးဆွေးနွေးပွဲ မန္တလေး၌ ဆောင်ရွက်

မန္တလေး                  နိုဝင်ဘာ (၅) ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်းကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုများမှ လျော့နည်းစေရန်၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို (၅-၁၁-၂၀၁၈) ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မုဒ်ဦးတန်းဓမ္မာရုံတွင် ကျင်းပခဲ့ပါသည်။


 

     အသိပညာပေးဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများ၊ အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ ဆွေးနွေးပွဲတက်ရောက်လာသူများအား ကာကွယ်ဆေးထိုးအစီအစဉ်နှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းပြီး အဖြေမှန်သူများအား ဆုချီးမြှင့်ခြင်းများပြုလုပ်၍ အခမ်းအနားကို အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags