ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း-ကလေးတိုင်းသို့ ရောက်ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးဆွေးနွေးပွဲ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

ပုသိမ်မြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်

     ဧရာ၀တီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် (၁၄-၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်း၌ ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း-ကလေးတိုင်းသို့ ရောက်ရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က အဖွင့်အမှာစကား ပြောကြားပါသည်။

 

     ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်အောင်မှ ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျန်မာရေး၀န်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။ ၄င်းနောက် အမှတ်တရ စုပေါင်းဓါတ်ပုံကို ရိုက်ကူးခဲ့ကြပြီး (၁၀:၃၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

More Tags