ကျောက်တန်းမြို့နယ်၊ အ.ထ.က (၂)၊ သော်ကကျောင်းတွင် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက်ကျန်းမာရေး မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းကျင်းပ

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်

     (၁၃.၇.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျောက်တန်းမြို့နယ်၊ အ.ထ.က (၂)၊ သော်ကကျောင်း၌ ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး လုပ်ငန်းများ ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရေး၊ ကျောင်းတွင်းအာဟာရလုပ်ငန်းများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ၊ ကျောင်းသားများမှ တစ်ဆင့် ပြည်သူလူထုအတွင်း မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိစေရေး အစရှိသည်တို့ကို အရှိန်အဟုန်မြှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မြို့နယ်အဆင့် ကျောင်းကျန်းမာရေး နှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး ဆင့်ပွားသင်တန်း ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ခိုင်နှင့် ကျောက်တန်းမြို့နယ် ပညာရေးမှူး ဦးလှသိန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းတွင် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ခိုင်နှင့် ကျောက်တန်းမြို့နယ် ပညာရေးမှူး ဦးလှသိန်း၊ ကျောင်းကျန်းမာရေးတာဝန်ခံ၊ သွားဆရာဝန် ဒေါက်တာရှိန်းဇေယျာဖြိုး၊ ဒုဦးစီးမှူး (ကာယ/ကျန်းမာ) ဦးလှနိုင်၊ ကျောင်းကျန်းမာရေးတာဝန်ခံ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အိအိသက် တို့က သင်တန်းဆရာများ အဖြစ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အစိုးရအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်များ၊ တာဝန်ခံဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး ပညာရေးကျောင်းများမှ ကျောင်းအုပ်များ တာဝန်ခံဆရာ/ဆရာမများနှင့် အခြေခံကျန်းမာရေးပညာရှင် (၁၁) ဦး စုစုပေါင်း (၁၄၄) ဦးတို့ကို သင်တန်းပို့ချပေးနိုင်ခဲ့ပါသည်။

 
 

More Tags