ကျောက်တော်မြို့တွင် ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

ကျောက်တော်မြို့၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်

     သြဂုတ်လ (၁၉) ရက် နေ့တွင် ကျောက်တော်ဆေးရုံ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျောက်တော်မြို့နယ် မြိုနယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးက လက်ရှိရခိုင်ပြည်နယ်၏ အာဟာရအခြေအနေ၊ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြသာနာများနှင့် ၎င်းပြသာနာများကို ကျန်းမာရေးဌာန တခုတည်းမဟုတ်ဘဲ ဆက်စပ်နှီးနွယ်သောဌာနများ လက်တွဲညီညီ အကောင်အထည်ဖေါ်ရန် လိုကြောင်းနှင့် မြို့နယ်သူနာပြုအဆင့် (၁) က အာဟာရ ရက်သတ္တပတ်များ အကြောင်းကို လက်တွေ့ ပြုလုပ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများနှင့်တကွ ရှင်းပြပါသည်။

 

     ဆက်လက်ပြီး ဖိတ်ကြားထားသည့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ငါးနှစ်အောက် ကလေးမိခင်များအား အာဟာရဆိုင်ရာ အမေးအဖြေ ပြုလုပ်ပြီး စံပြမိခင်ဆုနှင့် စံပြကလေး ဆုများအား ချီးမြှင့်ပါသည်။ ထိုနောက် Vit A တိုက်ကျွေးခြင်း၊ တက်ရောက်လာသူများအား ကြက်ဥ အိုင်အိုဒင်းဆား များ လက်ဆောင်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ ၎င်းအအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ၊ မိခင်ကလေးနှင့်် အမျိုးသမီးရေးရာမှ တာဝန်ခံများ၊ ကိုယ်ဝန်ဆောင်နှင့် နိုတိုက်မိခင်များ၊ ငါးနှစ်အောက် ကလေးနှင့်မိခင်များ၊ နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ တက်ရောက်ခဲ့ပါသည်။

More Tags