ကျောက်တံခါးမြို့တွင် ခရီးသွားပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများအား COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံခါးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၄) ရက်

     ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများပူးပေါင်း၍ ပြည်သူလူထုအား COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ဆေးနည်းများ ပြောပြပေးခြင်း၊ ပြည်ပမှပြန်လာသူများ မိမိနေအိမ်တွင် လိုက်နာရမည့်အချက်များအား ပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags