ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒွေလှကျေးလက်ကျန်းမာရေးဌာန အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ဆည်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     အူရီဒူးမြန်မာလီမိတက်၏ လှူဒါန်းမှုဖြင့် UNOPS, Myanmar မှ ကြီးကြပ်ဆောက်လုပ်သော မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန၊ ဒွေလှကျေးလက်ကျန်းမာရေးဌာန၊ ဆေးခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်ပွဲအခမ်းအနားနှင့် အဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီတွင် ဒွေးလှကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးထွန်းမင်းဇော်၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်၊ အူရီဒူးမြန်မာလီမိတက်မှ ပြင်ပဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်နိုင်ထွဋ်၊ UNOPS, Myanmarမှ International Quality Assurance Engineer Mr. Delegn MULAT တို့က အဆောက်အဦသစ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

 

     ဒုတိယပိုင်းအစီအစဉ်များအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်တင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အူရီဒူးမြန်မာလီမိတက်မှ ပြင်ပဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်နိုင်ထွဋ်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး UNOPS, Myanmarမှ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ ဒေါက်တာသန်းလွင်က တည်ဆောက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အူရီဒူးမြန်မာလီမိတက်မှ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်နိုင်ထွဋ်မှ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦမှတ်တမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး တို့မှ ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ရေဝန်းကျေးလက်ကျန်းမာရေးဌာန ဆေးခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ (၂) လုံးတို့အား အူရီဒူမြန်မာလီမိတက်၏ လှူဒါန်းငွေဖြင့် UNOPS, Myanmar မှ ကြီးကြပ်ဆောက်လုပ်ခဲ့ပြီး ၎င်းအဆောက်အဦများ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

More Tags