ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မိခင်မှကလေးသို့ HIV နှင့် ကာလသားရောဂါ ကူးစက်မှုကာကွယ်တားဆီးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၆) ရက်

     မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း မိခင်မှကလေးသို့ HIV နှင့် ကာလသားရောဂါ ကူးစက်မှုကာကွယ်တားဆီးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် သြဂုတ်လ (၁၆) နေ့တွင် ကျင်းပရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးကျန်းမာရေးဆရာမ၊ သားဖွားဆရာမ စုစုပေါင်း (၅၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်တင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

 

     ၎င်းနောက် တိုင်းဒေသကြီး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်အဖွဲ့ ခေါင်းဆောင်ဆရာဝန်တို့မှ ၂၀၁၈/ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည် မိခင်မှကလေးသို့ HIV နှင့် ကာလသား ရောဂါ ကူးစက်မှုကာကွယ်တားဆီးရေး လုပ်ငန်းများ (PMTCT) နှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များအပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

More Tags