Workshop on Development of Township Annual Workplan for EPI ကျင်းပ

လားရှိုးမြို့၊ နိုဝင်ဘာ (၆)ရက်

     Workshop on Development of Township Annual Workplan for EPI အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမ၌ (၅-၁၁-၂၀၁၈)မှ (၆-၁၁-၂၀၁၈) ထိ ကျင်းပ ပြီးစီးခဲ့ပါသည်။

 

     အစည်းအဝေးသို့ နေပြည်တော် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ UNICEF မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်များရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ တက်ရောက်ကြပါသည်။

 

     အစည်းအဝေး၌ မြို့နယ်များတွင်အောက်ခြေအထိ ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိမိတို့ဒေသနှင့် လိုက်လျောညီထွေဖြစ်မည့် အမှန်တကယ်ဆောင်ရွက်နိုင်သည့် အဏုစိတ် စီမံချက်များကို ရေးဆွဲခြင်း၊ ယခင် ကာကွယ်ဆေးထိုးနှံခြင်းများတွင် ကြုံတွေ့ခဲ့သည့် အတွေ့အကြုံ အခက်အခဲများကို ဆွေးနွေးခြင်း၊ အဏုစိတ်စီမံချက်အတွက် အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

 

More Tags