Training of BHS in Transmission Reduction Area and Evaluation and Planning Meeting သင်တန်း ပုလဲမြို့နယ်တွင် ကျင်းပပြုလုပ်

ပုလဲမြို့၊ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     Training of BHS in Transmission Reduction Area သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်မှ (၁၉) ရက်နေ့အထိ နှစ်သုတ်ခွဲ၍ ကျင်းပခဲ့ပါသည်။  အဆိုပါ သင်တန်းကို ပုလဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းစန်းမှ အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ရပကန) ဒေါက်တာစန္ဒာလွင်၊ WHO Field Project Coordinator ဒေါက်တာထက်နိုင်လင်းနှင့် ယင်းမာပင်ခရိုင် လက်ထောက်ငှက်ဖျားမှူး ဦးအောင်မင်းတို့မှ သင်တန်းဆရာများအဖြစ် ဦးစီးသင်ကြားခဲ့ပြီး ပထမအသုတ်တွင် အခြေခံကျန်းမာရေးဝန်ထမ်း (၅၄) ဦးနှင့် ဒုတိယအသုတ်တွင် (၅၃) ဦး စုစုပေါင်း (၁၀၇) ဦးမှ သင်တန်းသားအဖြစ် တက်ရောက်ခဲ့ကြပါသည်။


     ဆက်လက်၍ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် Evaluation and Planning Meeting ကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပြီး တိုင်း(ရပကန) လက်ထောက်ငှက်ဖျားမှူး ဦးဌေးပိုမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ပုလဲမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၂၂) ဦးနှင့် ငှက်ဖျားစေတနာဝန်ထမ်း (၁၉) ဦးတို့မှ တက်ရောက်ခဲ့ကြပါသည်။

More Tags