Refresher Training on Maternal Death Surveillance and Response System (MDSR) မွမ်းမံသင်တန်းကျင်းပဆောင်ရွက်ခြင်း

ပဲခူး၊ ဇန်နဝါရီလ (၁၀)ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် WHO အဖွဲ့တို့ ပူးပေါင်း၍ မိခင်သေဆုံးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာမွမ်းမံသင်တန်း Refresher Training on Maternal Death Surveillance and Response System (MDSR) ပထမအကြိမ်ကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့မှ (၉)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို (၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိလည်းကောင်း ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါမွမ်းမံသင်တန်းတွင် ပဲခူးတိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအေးငြိမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာမြင့်မိုရ်စိုးမှ MDSR အချက်အလက်များဖြည့်သွင်းရာတွင် စနစ်တကျဆောင်ရွက်နိုင်စေရန် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်းကောင်း၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာနီနီလှိုင်မှ (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကောက်ယူရရှိခဲ့သော မိခင်သေဆုံးမှုများကို ဆန်းစစ်ခဲ့မှုများ၏အချက်အလက်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် Focal person (၁) ဦးစီအပါအဝင် စုစုပေါင်း (၆၅)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

 

     ယခုမွမ်းမံသင်တန်းတွင် MDSR စနစ်ကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိခင် သေဆုံးမှုဆိုင်ရာ အချက်အလက်များကို ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်ရရှိစေရန်၊ မိခင်သေဆုံးရသော အကြောင်းအရင်းကို လေ့လာသုံးသပ်ရာတွင် ပြည့်စုံမှန်ကန်စွာပြုလုပ်နိုင်ပြီး ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများ ချမှတ်နိုင်စေရန် (၂၀၁၇)ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ လိုအပ်ချက်များကို ပိုမိုသိရှိနားလည်ကာ အားဖြည့်ဆောင်ရွက်နိုင်ရန်နှင့် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်နိုင်ကြစေရန်နှင့် မိခင်သေဆုံးမှုဖြစ်စဉ်တိုင်းအား ဖော်ထုတ်အစီရင်ခံခြင်း၊ သေဆုံးရသော အကြောင်းအရင်းများကို လေ့လာသုံးသပ်၍ ခွဲခြမ်းစိတ်ဖြာခြင်း၊ နှောင့်နှေးခြင်း (၃)ရပ်ကို ဖော်ထုတ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများကို ဒေသအလိုက် တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကာကွယ်၍ရသော မိခင်သေဆုံးမှုများကို များစွာလျှော့ချနိုင်စေရန် ရည်ရွယ်ပါသည်။

 

More Tags