Physical Fitness Dance သင်တန်းသား/ သင်တန်းသူများအား "ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ” စာအုပ်များ ဖြန့်ဝေပေးအပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း ကျန်းမာ ရေးအသိပညာမြင့်မားလာစေရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲသည် ယနေ့ နေ့လည် (၁၂:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) အတွင်း အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးလျက်ရှိသော Physical Fitness Dance သင်တန်း အမှတ်စဉ်(၂/၂၀၁၉)သို့ သွားရောက်၍ သင်တန်းသား/သူများကို “ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ” စာအုပ်များ ဖြန့်ဝေပေးခဲ့သည်။


 

     ရှေးဉီးစွာ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(တာဝန်)၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းအားဖြင့် ရရှိနိုင်မည့်ကျန်းမာရေးအကျိုးကျေးဇူးများနှင့် စာအုပ်အသုံးပြုနည်းကို သင်တန်းသား/သင်တန်းသူများအား ရှင်းလင်းပြောကြားပြီး စာအုပ်ကို မိမိကိုယ်တိုင် ဖတ်ရှုလိုက်နာ ရုံသာမက အသိပညာများကို အခြားသူများအားလည်း ဖြန့်ဝေပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

     ယင်းနောက်ညွှန်ကြားရေးမှူးက (၁၂)ခန်းပါ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ စာအုပ် (၁၇၀) အုပ်၊ (၃)ခန်းပါစာအုပ် (၃၀၀)အုပ်တို့ကို အားကစား လေ့ကျင့်ရေးမှူးချုပ်အား ပေးအပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာနတို့မှ သန်တန်းသား/သင်တန်းသူ (၂၈၀)ဦးအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

More Tags