မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှု တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်း ပြည်နယ်အဆင့်ဆန်းစစ်ခြင်းအစည်းအဝေးကျင်းပခြင်း

ကျိုင်းတုံ၊ ဇန်နဝါရီ (၁၅)ရက်

     မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှု တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း ပြည်နယ်အဆင့်ဆန်းစစ်ခြင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၁၅)ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အဆင့် မိခင်သေဆုံးမှု ဆိုင်ရာစောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ခြင်းကော်မတီအဖွဲ့ဝင်များ၊ ၂၀၁၈ ခုနှစ်အတွင်း မိခင်သေဆုံးမှုရှိခဲ့သည့် မြို့နယ်များမှ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

More Tags