In house capacity building session (Lunch Time Talk) (5-7-2019) ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ (၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် In House Capacity Building Session (Lunch Time Talk) ကို ရက်သတ္တပတ် တစ်ပတ်ခြား သောကြာနေ့တိုင်း ကျင်းပပြုလုပ်လျက်ရှိရာ (၅-၇-၂၀၁၉) ရက်၊ သောကြာနေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ အစည်းအဝေးခန်းမ၌ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဂျီဆိုင်းတောင် က “Change Across Culture” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ထို့နောက် တက်ရောက်လာကြသူများက Culture Change နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ပြီး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ယနေ့ကျင်းပပြုလုပ်သော In House Capacity Building Session (Lunch Time Talk) သို့ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

More Tags