GIS based EPI Microplanning Pilot Project အတွက် MAPATHON အသုံးပြု၍ မြေပုံရေးဆွဲခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်

ရန်ကုန်မြို့                        ဇန်နဝါရီလ (၁၈)ရက်

     (၁၈.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Geographic Information System (GIS) based EPI Microplanning Pilot Project အတွက် MAPATHON အသုံးပြု၍ မြေပုံရေးဆွဲခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ UNICEF အဖွဲ့မှ National Consultant ကိုဆက်ခိုင်ဦးက ဆုချီးမြှင့်ရခြင်းအကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပထမဆုရရှိသော Hyperventilated အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က လည်းကောင်း၊ ဒုတိယဆုရရှိသော D1 အဖွဲ့အား ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာတင်သစ္စာလွင်က လည်းကောင်း၊ တတိယဆုရရှိသော P1 အဖွဲ့အား ဒုတိယတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ပါသည်။

     အဆိုပါပြိုင်ပွဲကို ပြည်သူအားလုံးထံ ပိုမိုကောင်းမွန်သော ကာကွယ်ဆေးထိုးဝန်ဆောင်မှု ပေးနိုင်ရန်၊ ရွှေ့ပြောင်းလုပ်သားများနှင့် ကျူးကျော်များ၊ ပထဝီမြေမျက်နှာပြင်အနေအထားအရ နှင့် ပဋိပက္ခဖြစ်ပွားမှုကြောင့် သွားလာရန်မလွယ်ကူသော ခက်ခဲဒေသများကို အထူးနည်းဗျူဟာများ အသုံးပြု၍ ကာကွယ်ဆေးလွှမ်းခြုံမှုတိုးတက်လာစေရန်၊ နေ့စဉ်ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အစီအစဉ်ရေးဆွဲရာတွင် ပထဝီဝင်အချက်အလက်များနှင့် နည်းပညာများ အသုံးပြု၍ မိမိတို့ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းများပိုမို ချောမွေ့စေရန်၊ ဗဟိုအဆင့်မှ သားဖွားဆရာမအထိ ကာကွယ်ဆေးများ အအေးလမ်းကြောင်းမပျက် သိုလှောင်ဖြန့်ဖြူးခြင်းနှင့် စနစ်တကျသုံးစွဲမှု ပိုမို အားကောင်းလာစေရန်၊ MAPATHON အသုံးပြု၍ မြေပုံများ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

More Tags