Feasibility Study at Sao San Htun Hospital

တောင်ကြီးမြို့၊ အောက်တိုဘာ (၁၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တာဝန်ပေးချက်အရ ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှသည် (၁၉-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး Sergey Ligozub, Counsellor, Russian Embassy နှင့် Mr. Juan, Project Manager of UNOPs ဦးဆောင်သော အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီး၌ Feasibility Study ပြုလုပ်ခဲ့ပြီးနောက် တွေ့ရှိချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များတင်ပြခြင်း၊ ခန့်မှန်းငွေကြေးကုန်ကျမှုများတင်ပြခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် Mr. Juan မှ Feasibility Study တွေ့ရှိချက် အစီရင်ခံစာအား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှသို့ ပေးအပ်ခဲ့ပါသည်။

 

     ထို့နောက် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့၏ (၅)ထပ်ဆောင် အသစ် ဆောက်လုပ်ခြင်းနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ တင်ပြစေခြင်းနှင့် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် လမ်းညွှန်မှာကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး မွန်းလွဲ (၂:၀၀) နာရီတွင် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အခက်အခဲတင်ပြစေခြင်း၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အသစ်ဖွင့်လှစ်မည့် တိုးချဲ့ (၄) ထပ်ဆောင်သို့ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 

More Tags