Evaluation Meeting on assisted microplanning and EPI annual workplan(2019) အခမ်အနား ကျင်းပ

လွိုင်ကော်မြို့၊ ဒီဇင်ဘာ (၂၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Hotel Loikaw တွင် Evaluation Meeting on assisted microplanning and EPI annual workplan(2019) အခမ်းအနားကို (၂၃-၁၂-၂၀၁၈)ရက်နေ့တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

 

 

     အခမ်းအနားဖွင့်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားသို့ ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက်မှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး များနှင့် ဆရာဝန်များ၊ ပြည်နယ်တိုင်းဒသကြီးများမှ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ WHO နှင့် Unicef မှ ဝန်ထမ်းများ တက်ရောက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၉ခုနှစ်အတွက် စီမံချက်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိပ်ဆွေးနွေးခဲ့ကြပါသည်။

More Tags