Evaluation and planning meetings at township level with TMO, BHS, and ICMVs (၃)လပတ် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပ

မန္တလေးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၃)ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူလူထု အခြေပြု ဘက်စုံစေတနာ့ဝန်ထမ်း(ငှက်ဖျား) လုပ်သားများ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါက်တာမြင့်မြင့်မော် ပါဝင်သော ငှက်ဖျားရောဂါကင်းဝေးရေး၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက် ရောဂါ၊ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါနှင့်ကာလသားရောဂါများနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်မှု  (၃)လပတ် ဆန်းစစ်ဆွေးနွေးပွဲ (Evaluation and planning meetings at township level with TMO, BHS, and ICMVs) ကို  ၂၀၂၀-ပြည့်နှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင်  တိုင်းဒေသကြီး ရပကန(ငှက်ဖျား) အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာတင့်ဝေနှင့်အဖွဲ့က ဦးဆောင်ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရမည်းသင်းမြို့နယ်အတွင်း (၃)လအတွင်း ဆောင်ရွက်ခဲ့သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် ခုခံအားကျဆင်းမှု ကူးစက် ရောဂါနှင့် ကာလသားရောဂါများ ရှာဖွေကုသပေးနိုင်မှု၊ အချိန်မှီဆေးရုံသို့ လွှဲပြောင်းပေးနိုင်မှု၊ ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေးနိုင်မှုနှင့် လုပ်ငန်းဆောင် ရွက်ရာတွင်တွေ့ရှိရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။


     အဆိုပါဆွေးနွေးပွဲကို (၃)လတစ်ခါ ဆောင်ရွက်ခြင်းကြောင့်  မန္တလေးတိုင်းဒေသကြီးအတွင်း  ငှက်ဖျားရောဂါ ကင်းဝေးရေးရည်မှန်းချက် ပြည့်မီရေးအတွက် နီးစပ်လာပြီး၊  သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသား ရောဂါများ ပြည်သူလူထုအတွင်း ကူးစက်ပျံ့ပွားမှု လျော့နည်းလာစေရေးအတွက် များစွာအထောက်အကူ ဖြစ်လာကြောင်း  သိရှိရပါသည်။

More Tags