Clinical Advocacy on AFP &VDP Surveillance အခမ်းအနားကျင်းပ

ဟားခါး၊ ဇန်နဝါရီ(၂)ရက်

     ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ လတ်တလောပျော့ခွေ အကြောသေ လက္ခဏာစုနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲ(Clinical Advocacy on AFP &VDP Surveillance) အခမ်းအနား ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက အဖွင့်မိန့်ခွန်းမြွက်ကြားသည်။

 

     ယင်းအခမ်းအနားသို့ ဟားခါးပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆေးရုံအုပ်၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ အထက်တန်းသူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပါသည်။

 

More Tags