Annual Meeting on Health Literacy Promotion နှစ်ပတ်လည် အစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ နိုဝင်ဘာ (၅)ရက်

     Annual Meeting on Health Literacy Promotion နှစ်ပတ်လည်အစည်းအဝေးကို တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၄-၁၁-၂၀၁၈)ရက်နေ့မှ (၅-၁၁-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နေပြည်တော်၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူးများ၊ ဦးစီးအရာရှိများနှင့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး နေပြည်တော်၊ ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးမှ အစည်းအဝေးပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တက်ရောက်လာသော ပြည်နယ်နှင့်တိုင်း အသီးသီးမှ လုပ်ငန်းအတွေ့ အကြုံများကို ရှင်းလင်းတင်ပြကြပါသည်။

 

  

 

More Tags