Advocacy Meeting on Health and Active Aging in Myanmar အခမ်းအနားကျင်းပပြုလုပ်ခြင်း

ပဲခူး၊ အောက်တိုဘာ (၃၀) ရက်

     ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနနှင့် ဂျပန်နိုင်ငံ Niigata University Graduate School of Medical and Dental Sciences တို့ပူးပေါင်းပြုလုပ်သော Advocacy meeting on Healthy and Active Aging in Myanmar အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် (၉)နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးငြိမ်းမှ အဖွင့်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံ Niigata University Graduate School of Medical and Dental Sciences မှ Associate Professor Yuso Shobugawa က The healthy and active aging in Myanmar research အကြောင်းရှင်းလင်းပြောကြားခဲ့သည်။

 

     အဆိုပါ အခမ်းအနားမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ အုတ်တွင်း၊ သဲကုန်း၊ မင်းလှ၊ နတ္တလင်းမြို့နယ်များတွင် တစ်မြို့နယ်လျှင် (၁၀)ရွာ၊ တစ်ရွာလျှင် သက်ကြီးရွယ်အို (၁၀)ဦးစီဖြင့် စုစုပေါင်း (၆၀၀)ဦးအား သက်ကြီးရွယ်အိုများ၏ ကျန်းမာဖျက်လတ်စွာ အိုမင်းခြင်းအကြောင်း စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်းသိရပါသည်။

 

     အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်(၆)မြို့နယ်မှ ဖိတ်ကြားထားသူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပါသည်။

More Tags