2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများအား ပူတာအိုခရိုင်တွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ပူတာအိုမြို့၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၈)ရက်

     2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင် ကာကွယ်တားဆီးခြင်း လုပ်ငန်းများ ပူတာအိုခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရှိရာ Syndromic Surveillance အနေဖြင့် ပူတာအိုလေဆိပ်တွင် Fever Surveillance နှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် လေယာဉ်ဆိုက်ရောက်ချိန်များတွင် Guideline များအတိုင်း အတိအကျလိုက်နာ၍ ဆောင်ရွက်လျက်ရှိပါသည်။ ပူတာအိုခရိုင် ပြည်သူ့ကျန်းမာရေးဌာန လက်အောက်ရှိ ဆေးပေးခန်းများ အားလုံးကိုလည်း ရောဂါသဘာဝနှင့် ဆောင်ရွက်လိုက်နာရမည့် Guidelineများ ဖြန့်ဝေအသိပေးပြီး ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီးတွင် isolation ward အား စနစ်တကျပြင်ဆင်ထားရှိခြင်း The person under surveillance များရှိလာပါက ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအားလုံးကို အသင့်ပြင်ဆင် ထားရှိပါသည်။


     ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာနများတွင် လိုက်နာဆောင်ရွက်ရမည့် Guidelines များ ဖြန့်ဝေ အသိပေးပြီး၊ Fever corner တစ်ခုကိုလည်း အရေးပေါ်အစီအစဉ်ဖြင့် ပြင်ဆင်ဆောင်ရွက်ထားပြီး isolation precaution ဆောင်ရွက်မှုကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သံသယလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းထားပြီး လိုအပ်သော အသိပညာနှင့် PPEs (Personnel Protective Equipments) များကို စီမံစုဆောင်းထားခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

More Tags