NOW LOADING

သံတွဲမြို့တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

သံတွဲမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင် (၁၃) ရက်

     မူလတန်းကလေးငယ်များ၏ ကျောင်းနေနှုန်း၊ ကျောင်းတက်ရောက်မှုနှုန်းနှင့် ကျောင်းနေမြဲနှုန်းထားများ တိုးမြှင့်လာရန်၊ မူလတန်းကျောင်းများတွင် ကျောင်းထွက်နှုန်းများ လျော့နည်းရန်အတွက် ကျောင်းနေစဉ် ကလေးများသည် အာဟာရပြည့်ဝသော အစားအစာ စားသုံးနိုင်မှု ပိုမိုတိုးတက်စေရန်နှင့် ၎င်းတို့၏ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်စုံခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို သိရှိနားလည်စေရန်၊ ကလေးများအကြား အပြန်အလှန်မျှဝေခြင်းနှင့် ကိုယ်ချင်းစာစိတ်များ တိုးပွားစေရန်၊ အာဟာဆိုင်ရာ အသိပညာများကို ကျောင်းသားများမှ တစ်ဆင့် မိဘများ၊ ကျေးရွာပြည်သူလူထုများထံသို့ ပြန့်ပွားရောက်ရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းနေ့လယ်စာကျွေးမွေးမှုအစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် (၁၃) ရက်နေ့တွင် သံတွဲမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သွားကျန်းမာ) ဒေါက်တာအောင်သူရ၊ သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ခံ၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျွေးမွေးမည့်ရွာများမှ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၄) ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းတွင်းအာဟာရ အစီအစဉ်ဆိုသည်မှာ ကျောင်းသူ၊ကျောင်းသားများအား အာဟာရပြည့်ဝ ကြွယ်ဝစွာ ပါဝင်နေသော အာဟာရဖြည့် ဘီစကစ်မုန့်များ (High ENERGY BISCUits) ကျွေးမွေးခြင်းဖြစ်ပါသည်။ WFP မှ ပုံမှန် မူလတန်းကျောင်းသား/သူများအတွက် ဘီစကစ်မုန့်များ ထောက်ပံ့ကာ ပူးပေါင်းဆောင်ရွက်သော အစီအစဉ်ဖြစ်ပါသည်။

     ယခုအစီအစဉ်အား သံတွဲမြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦ:စီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနတို့နှင့်အတူ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် ယခုနှစ်မှစတင်ကာ မူလတန်းနှင့် မူလွန်ကျောင်း (၇၄) ကျောင်းရှိ ကျောင်းသား/သူများအတွက် စတင် ထောက်ပံ့အကောင်အထည်ဖော် မည်ဖြစ်ပါသည်။

More Tags