NOW LOADING

လားရှိုးမြို့တွင် ၂၀၁၉ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

လားရှိုးမြို့၊ မေလ (၃၁) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ (၃၁-၅-၂၀၁၉) နံနက်တွင် ၂၀၁၉ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ ပညာရေး၊ ပြန်ကြားရေး၊ စားသုံးသူရေးရာ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများ၊ လူမှုရေးအသင်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သတင်းမီဒီယာများ ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ… စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

 

     အခမ်းအနားတွင် ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လက်ရှိဆေးလိပ်သောက်သုံးမှုနှင့် ကွမ်းစားသုံးမှု အခြေအနေများ၊ တဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်နေရမှုများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ပါဝင်သောအချက်များ၊ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ သတ်မှတ်ခြင်းများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ပါဝင်ပစ္စည်းများအတွက် ကျန်းမာရေး သတိပေး ရုပ်ပုံနှင့်စာသားများ၊ ဆေးလိပ်အရောင်းမြှင့်တင်ခြင်းနှင့် ကြော်ငြာခြင်းတို့ကို သွယ်ဝိုက်လုပ်ဆောင်နေခြင်းများ၊ ပြည်သူလူထု ကိုယ်တိုင်ပါဝင်ပြီး တာဝန်ရှိ ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုနှင့် ပံ့ပိုးမှုများ အရေးကြီးခြင်းတို့ကို ရှင်းလင်း ပြောကြားသွားပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်သူများက ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

More Tags