NOW LOADING

ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

ရေဦးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးလက်ကျန်းမာရေးဌာန လက်အောက်ရှိ၊ စည်သာမြေ ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် ကျေးရွာများသို့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းကို (၁၂.၇.၂၀၁၉) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနယ်လှည့်ကွင်းဆင်း ဆေးကုသသောကျန်းမာရေးအဖွဲ့မှ အုပ်စုအလိုက် ကျန်းမာရေးပညာပေးခြင်း၊ အခမဲ့ဆေးကုသပေးခြင်း၊ ဆက်လက်ကုသရန်လိုအပ်သော လူနာများကို မြို့နယ်ဆေးရုံသို့ ညွှန်ပို့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုတွင် သွေးတိုးလူနာ (၂၂) ယောက်၊ ဆီးချိုလူနာ (၃) ယောက်၊ သွားနှင့်ခံတွင်း လူနာ (၁၈) ယောက်၊ စုစုပေါင်းလူနာ (၁၁၄) ယောက်အား ဆေးကုသပေးနိုင်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများအား သန့်ရှင်းလတ်ဆက်သောအစားအစာနှင့် သောက်သုံးရေ၏ အရေးကြီးပုံနှင့် ဝမ်းလျောဝမ်းပျက်ရောဂါ အကြောင်း သိကောင်းစရာများအား ဟောပြောပေးနိုင်ခဲ့ပါသည်။

More Tags