မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သောရောဂါ လက္ခဏာနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်

     မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သောရောဂါ လက္ခဏာနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါလေဆိပ်ရှိ ဝန်ထမ်းများအတွက် ကျန်းမာရေးအသိပညာပေးပွဲကို တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် (၁၂-၁-၂၀၂၀) နှင့် (၁၃-၁-၂၀၂၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါ ကျန်းမာရေးအသိပညာပေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး က အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့၏ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံ နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ နှာခေါင်းစည်းနှင့် လက်အိတ် အသုံးပြုပုံ၊ စွန့်ပစ်ပုံနည်းလမ်းများ၊ စနစ်ကျသော လက်ဆေးနည်းအဆင့်ဆင့်၊ သံသယလူနာတွေ့ရှိခဲ့ပါက ရောဂါမပြန့်ပွားအောင် ကာကွယ်ရန် နည်းလမ်းများအား လေဆိပ်ရှိဝန်ထမ်းများကို လက်တွေ့သရုပ်ပြ၍ ကျန်းမာရေးအသိပညာပေးခဲ့ပါသည်။

More Tags