မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Advocacy Meeting on Prevention and Control of Novel coronovirus Infection ကျင်းပပြုလုပ်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၆)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Yangon  Aerodrome Co.Ltd အစည်းအဝေးခန်းမ၌ Advocacy Meeting on Prevention and Control of Novel coronovirus Infection   အကြောင်းအသိပညာပေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၆.၁.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


     အဆိုပါ အစည်းအဝေး၌ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း (Technical Expert and Former DG)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်း‌‌နောက် ဒေါက်တာဉာဏ်ဝင်းမြင့် Deputy Director( Epidemiology/ IHR) မှ မြန်မာနိုင်ငံတွင် Novel corona virus Infection နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ဒေါက်တာ ဉာဏ်ထက်လွင် (Chief Port Health Officer Port Health)မှ လေဆိပ်တွင် ဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးနည်းစနစ်များနှင့် ပြင်‌ဆင်ဆောင်ရွက်ရမည့် အချက်အလက်များ အား အကျယ်တဝင့်‌ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ လေဆိပ်ရှိ ဌာနဆိုင်ရာအသီးသီးမှ တက်ရောက်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဝင်းမာဦးဆောင်၍ အခြေခံ ကျန်းမာရေးပညာရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags