NOW LOADING

မကွေးတိုင်းဒေသကြီးတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးမြို့၊ ဇူလိုင်လ (၃)ရက်

     မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


 

     အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်၊ မကွေးတိုင်း ဒေသကြီး ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် ကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ထူထောင်နိုင်ရေးနှင့် တိုင်းအဆင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

More Tags