NOW LOADING

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ကျောင်းကျန်းမာရေးပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်

     ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး ဟောပြောပွဲကို (၁၂-၇-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ စိုးသုခခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် နိုင်ငံ၏အနာဂတ် ကျောင်းနေရွယ်လူငယ်များ ကျန်းမာမှုအဆင့်မြင့်မားစေရန်နှင့် နိုင်ငံတော်ကြီးတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လွန်စွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအားလုံး ကိုယ်တိုင်လိုလားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်ကြောင်း၊ ယခုလို ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်း ကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေးလုပ်ငန်း (၇) ရပ်နှင့် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ် (၉) ရပ်တို့ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်တည်တံ့စေရေးအတွက်စပ်ဆက်အဖွဲ့အစည်းများ ပါဝင်နိုင်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေးကိစ္စများသည် ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် ပြည့်ဝစွာ ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ရာသီတုပ်ကွေးရောဂါ၊ ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးရေးနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး သိလိုသည်များအား ကျောင်းသား/သူများမှ မေးမြန်းရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး နေ့လည် (၁၂:၀၀)နာရီတွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

More Tags