NOW LOADING

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး(၅/၂၀၁၉) ကျင်းပပြုလုပ်

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ ( ၉ )ရက်

     ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး(၅/၂၀၁၉)ကို (၉-၇-၂၀၁၉) နေ့လည်(၁:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းကျန်းမာရေး ကြီးကြပ်မှုကော်မတီဉက္ကဌ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး ၊အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းပညာရေးမှူးရုံး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပဲခူးသားဖွားသင်တန်း ကျောင်းတို့မှ ကော်မတီဝင်(၁၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


 

     အစည်းအဝေးတွင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် တင်ပြချက်များအနေဖြင့် တိုင်းပြည်သူ့ကျန်းမာမှ (၄)ရပ်၊ တိုင်းကုသမှ (၃)ရပ်၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ(၁)ရပ်၊ ပဲခူးသားဖွားသင်တန်းကျောင်းမှ(၂)ရပ်၊ ပဲခူးဆေးရုံကြီးမှ(၇)ရပ်တို့ကို တက်ရောက်လာသောကော်မတီဝင်များမှ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လည်(၃:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
 

More Tags