NOW LOADING

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာတွင် ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဇူလိုင်လ (၄) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးလက်ကျန်းမာရေးဌာန၊ ကွမ်းခြံစု ကျေးလက်ကျန်းမာရေးဌာနခွဲ အောင်ချမ်းသာကျေးရွာတွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဥတ္တရသီရိမြို့နယ် အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ (၄-၇-၂၀၁၉) ရက်နေ့ ၊ နံနက် (၁၀) နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

 

     ထို့နောက် ကျေးရွာရှိ နေအိမ် (၁၅၂) လုံးအား ခြင်ဆေးဖျန်းခြင်း၊ ဆေးခန်းဖွင့် ဆေးကုသမှုပေးခြင်း၊ ဖျားနာလူနာများရှာဖွေခြင်း၊ RDT ဖြင့် စစ်ဆေးခြင်း၊ ကျေးရွာနေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးများအကြောင်း အသိပညာပေးခြင်း၊ ပိုလောက်လန်းနှိမ်နင်းခြင်းနှင့် Abate ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

More Tags