NOW LOADING

နွားထိုးကြီးမြို့နယ်ရှိ မင်းရွာအ.ထ.က(ခွဲ)တွင် တိုင်းဒေသကြီး ရပကန(ငှက်ဖျား)ဌာနမှ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်

မန္တလေး၊ ၂၀၁၉  ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် မင်းရွာအထက (ခွဲ) တွင် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းပညာပေးဆောင်ရွက်မှုကို တိုင်း ဒေသကြီး ရပကန(ငှက်ဖျား)ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်ဦး လမ်းညွှန်မှုဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်း များနှင့် ရပကန(ငှက်ဖျား)ဌာနကျန်းမာရေးဝန်ထမ်းများ  ပူးပေါင်း၍ ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့ပါသည်။

 

     ထိုသို့ ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊  လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများအသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်း အစရှိသည့် ကာကွယ်နှိမ်နင်းရေးများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags