တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

တံတားဦးမြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်

     မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၅-၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး)၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ပါဝင်သောအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးမှ ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Fever Screening စောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအလေးထားဆောင်ရွက်ရန် မှာကြားခြင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ သံသယလူနာများ တွေ့ရှိပါက ချက်ချင်းသတင်းပေးပို့ရန်၊ အချိန်မီ စနစ်တကျ လွှဲပြောင်းကုသနိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုကာ အသေးစိတ်ဆွေးနွေး လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။

More Tags