NOW LOADING

ကျားမအခြေပြု အကြမ်းဖက်မှုခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလမ်းညွန်ဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် သင်တန်းပြုလုပ်ကျင်းပ

လားရှိုးမြို့၊ မေလ (၇) ရက်

     ကျားမအခြေပြုအကြမ်းဖက်မှု ခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလမ်းညွန်ဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် သင်တန်းကို ပြည့်သူ့ကျန်းမာရေးဦးစီးဌာ၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(လားရှိုး)၊ UNFPA နှင့် AFXB အဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၇-၅-၂၀၁၉ မှ ၉-၅-၂၀၁၉ အထိ ပြည်နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာန၊ အစည်းဝေးခမ်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ရည်ရွယ်ချက်မှာ မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအတွင်းရှိ ကျားမအခြေပြု အကြမ်းမှုခံနေရသူများအား စောစီးစွာသတိပြုမိပြီး ပို၍ဆိုးရွားသော အခြေအနေများသို့ မရောက်မှီ လိုအပ်သောအကာအကွယ် စောက်ရှောက်မှုများနှင့်တကွ ကူညီပေးမည့်သူများနှင့် ချိတ်ဆက်ညွန်းပို့ပေးနိုင်ရန် နှင့် သင့်လျှော်မှန်ကန်သော ဆေးကုသစောက်ရှောက်မှုကို အချိန်မှီပေးနိုင်ရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချပေးနိုင်ရန်တို့ဖြစ်သည်။

 

     အသိပေးဆွေးနွေးပွဲတွင်ရှေ့ဦးစွာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး နေပြည်တော် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခိုင်နွယ်တင်မှ ကျားမအခြေပြုအကြမ်းဖက်မှု ခံစားရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လမ်းညွန်အကျဉ်းချုပ်ကို ပြောကြားပေးခဲ့ ပါသည်။ အသိပေးဆွေးနွေးပွဲသို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း ၁၁၀- ဦးတက်ရောက်ခဲ့ပါသည်။

     သင်တန်းသားများမှာ ကျောက်မဲခရိုင်နှင့် ဟိုပန်ခရိုင်တို့မှ ခရိုင်ဆရာဝန်ကြီးများlမြို့နယ်ဆရာဝန်ကြီးများ၊ သားဖွားမိယပ်အထူးကုဆရာဝန်နှင့် ကလေးအထူးကုဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များl မြို့နယ်သူနာပြုအဆင့်-၁၊ ဆေးလူမှုဆက်ဆံရေးမှူးများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ စုစုပေါင်း ၃၈- ဦး တက်ရောက်ခဲ့ကျပါသည်။

More Tags