NOW LOADING

ကျိုင်းတုံမြို့တွင် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊ မေလ (၃၁) ရက်

     ၂၀၁၉ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ (၃၁-၅-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင်မှ အထူးကုဆရာဝန် ဒေါက်တာ စိုင်းဝန်းလမုတ်က ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ရှူရှိက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများနှင့် ဆိုးကျိုးများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။

 

     အခမ်းအနားသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ သင်တန်းသား/သူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

 

     နှစ်စဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိရာ (၂၀၁၉) ခုနှစ်အတွက် ဆောင်ပုဒ်မှာ “DON'T LET TOBACCO TAKE YOUR BREATH”၊ “အသက်အန္တရာယ် ကင်းဝေးဖို့ ဆေးလိပ်ငွေ့ကို ငြင်းပယ်စို့” ဖြစ်ပြီး ဆေးလိပ်နှင့် ဆေးလိပ်ငွေ့ကြောင့် ဖြစ်ပေါ်နိုင်သော ရောဂါများနှင့် ဆိုးကျိုးများကို ပိုမိုသိရှိနားလည်ရန် အဓိကရည်ရွယ်ခြင်း ဖြစ်ပါသည်။

More Tags