NOW LOADING

ကရင်ပြည်နယ်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ပြည်နယ်အဆင့်သင်တန်းနှင့်အသိပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဘားအံ၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၄)ရက်

     ကရင်ပြည်နယ်အတွင်း    ပိုလီယိုကာကွယ်ဆေး     အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ပြည်နယ်အဆင့်သင်တန်းနှင့်     အသိပေးဆွေးနွေးပွဲအခမ်းအနားကို  (၄.၇.၂၀၁၉) ရက်နေ့တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ  ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှတက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်မှ အမှာစကားပြောကြားပြီး၊ ကရင်ပြည်နယ်    ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊     ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး    ဒေါက်တာကျော်စွာမြင့်မှ   ပိုလီယိုအပိုဆောင်းကာကွယ်ဆေးတိုက်ကျွေးမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များ၊ကုသရေးဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်နယ်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၇)မှတာဝန်ခံများ၊  KDHWမှ ဒေါက်တာမာတာ၊     Back Pack Health Worker Team နှင့်လူမှုရေးအသင်းအဖွဲ့များ၊  INGO,NGO မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် CEU မှတာဝန်ခံများနှင့် သတင်းမီဒီယာဆရာများစသဖြင့်      ဖိတ်ကြားထားသော      ဧည့်သည်တော် စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

More Tags