NOW LOADING

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် “Health Cluster Coordination Meeting” ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ(၈)ရက်

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Kachin State Health Cluster Coordination Meeting) ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးတွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် (၂)လ လျှင် တစ်ကြိမ် ပုံမှန်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။အစည်းအဝေးတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ WHO၊ UNICEF ၊ UNFPA ၊ UNOCHA အစရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၊ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေသည့် INGOs/NGOs/CBOs/FBOs စသည်တို့မှ တာဝန်ရှိသူများ စုစုပေါင်း (၄၅) ဦး တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

More Tags