၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလပထမပတ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးလူထုစုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

Union Minister Dr. Myint Htwe participates in December mass walk activity

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစား စိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံးလှုပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီခွဲ က ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ ) ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က(၃) မင်္ဂလာတောင်ညွန့်မှ ဘင်ခရာ၊ ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။


 

     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အောင်ဆန်းအားကစားပြိုင်ဝင်း (အထူးတန်း) ဝင်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်း၊ ကန်ရိပ်သာလမ်းအတိုင်း လက်ယာကပ်လျှောက်၍ အထက်ပန်းဆိုးတန်းလမ်းမအတိုင်း အောင်ဆန်း အားကစားပြိုင်ဝင်း အရှေ့ဝင်ပေါက်သို့ ပြန်လည်ပန်းဝင်ကာ မြိုနယ်အလိုက် လူဦးရေး ငါးသောင်းခန့် ပြည်သူများ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲ (၁)၊ (၂) တို့နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပါသည်။


 
 

 
 

 
 

 
 

 
 
 
 

More Tags