(၂၀၁၈)ခုနှစ်၊ ဇူလိုင်လ ရေလွှမ်းမိုးမှု ဖြစ်စဉ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူများအား ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့

     (၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေမြင့်တက်ခြင်းနှင့် မြစ်ရေမြင့်တက်ခြင်းဖြစ်စဉ်များကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်း စသည့် တိုင်းဒေသကြီး/ပြည်နယ် များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရင်ပြည်နယ်ရေဘေးကွင်းဆင်းကြည့်ရှုစစ်ဆေးမှုခရီးစဉ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လိုက်ပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာကို (၂၄)နာရီဖွင့်လှစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ၊ မြို့နယ်များရှိ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်ကာ ရေလွှမ်းမိုးမှုဖြစ်ပွားရာ ဒေသများ၏ ရေဝင်ရောက်မှုအခြေအနေများ၊ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်မှု အခြေအနေများ၊

ပြည်ထောင်စုဝန်ကြီး၏ ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့မှု ခရီးစဉ်

     ပုံမှန်ကျန်းမာရေးစောင့်ရှောက်ပေးနေနိုင်မှု၊ ကျန်းမာရေးအဆောက်အဦများသို့ ရေဝင်ရောက်မှု၊ ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ခံစားရမှုများ၊ စခန်းများတွင် ဒေသခံကျန်းမာရေးဝန်ထမ်းများမှ ယာယီအခြေစိုက်နှင့်ရွေ့လျားဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် လိုအပ်ချက်များကို စောင့်ကြပ်ကြည့်ရှု၍ လိုအပ်သော မြွေဆိပ်ဖြေဆေး၊ အသက်ကယ် အင်္ကျီများ၊ ဆေးနှင့်ဆေးပစ္စည်းကို ထောက်ပံ့ပေးလျက်ရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေး ခရီးစဉ်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် (၂၆-၇-၂၀၁၈)ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးခရီးစဉ်တွင် လိုက်ပါ၍ ကရင်ပြည်နယ် ဘားအံမြို့ရှိ ရွှေရင်မျှော်၊ cyclone shelter၊ မိုးလုံလေလုံနှင့် အထက (၃) ရေဘေးယာယီကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် လိုအပ်ချက်များ၊ ကျန်းမာရေး ဝန်ထမ်းများမှတင်ပြသော လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်၏ ပဲခူးတိုင်းဒေသကြီး ရေဘေးထောက်ပံ့မှု ခရီးစဉ်

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ (၂၀၁၈)ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ က ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှမ်းမိုးမှု ခံစားနေရမှုများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့၏ ကရင်ပြည်နယ် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးပညာပေးနေမှုများ

     ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့သည် ပဲခူးမြို့ ရေဘေးကွပ်ကဲရေးရုံး၌ ကျန်းမာရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများသို့သွားရောက်ကာ ဆေးကုသပေးနေမှုနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

     ထို့အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းဦးဆောင်၍ တာဝန်ရှိသူများလိုက်ပါသော ဗဟိုကွင်းဆင်းအဖွဲ့သည် (၂-၈-၂၀၁၈)ရက် နေ့နှင့် (၃-၈-၂၀၁၈)ရက်နေ့များတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်များသို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူများလိုက်ပြီး ကွင်းဆင်းသွားရောက်ခဲ့ကြပါသည်။

 

     ဗဟိုကွင်းဆင်းအဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်းများတွင် ဆေးကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလွှမ်းမိုးခံခဲ့ရသော ကျန်းမာရေးဌာနများသို့ သွားရောက်ကာ ပျက်စီးမှု အခြေအနေများအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော အသက်ကယ်အင်္ကျီနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် (၃၀-၇-၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ကွင်းဆင်းပြီး မြွေဆိပ်ဖြေဆေးနှင့် အသက်ကယ်အင်္ကျီနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ပါသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းဦးဆောင်၍ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲ၊ အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ နှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများပါဝင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ကရင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၆-၈-၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်တို့ရှိ ရေဘေး ကယ်ဆယ်ရေးစခန်း များရှိရေဘေးသင့်ပြည်သူများအား ကလေး ကျန်းမာဖွံ့ဖြိုးရေး၊ အာဟာရ၊ အစားအစာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေး၊ ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ကူးစက်ရောဂါများ အားကြိုတင်ကာကွယ်ရေး တို့အတွက် အသိပညာပေးခြင်းများ အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရ တိုင်းတာ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးနှင့်ဆိုင်သော ပစ္စည်းများထောက်ပံ့ ပေးခဲ့ပါသည်။

 

     ထို့အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များမှ ကျန်းမာရေး ဝန်ထမ်းများမှ လည်း ရေဘေးကယ်ဆယ်ရေးခန်းများတွင် အခြေစိုက်ဆေးခန်းများ၊ ရွေ့လျားဆေးခန်းများ ကွင်းဆင်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 
 

More Tags