07 Apr 17MOHS-Admin

၂၀၁၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

     ၂၀၁၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


 

     အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ စိတ်ကျရောဂါ ဖြစ်ပွားမှုသည်  တတိယ အများဆုံးဖြစ်ပွားနေပါကြောင်း၊ လူဦးရေ ၁၀၀၀ တွင် ၅ ဒသမ ရ ရာခိုင်နှုန်းသည် စိတ်ကျရောဂါ ဖြစ်ပွားနေပြီး လူဦးရေ ၃ သိန်းခန့်မှာ ရောဂါခံစား နေရပါကြောင်း၊ ပြည်သူများအတွင်း မဖော်ထုတ်နိုင်သည့် ရောဂါဖြစ်ပွားနေသူများစွာ ကျန်ရှိနိုင်ပါကြောင်း၊ အထူးသဖြင့် ကလေးမွေးဖွားပြီးစမိခင်များ၊ တီဘီရောဂါဝေဒနာရှင်များနှင့် သက်ကြီးရွယ်အိုဘိုးဘွားများတွင် စိတ်ကျဝေဒနာခံစားနေရသည်ကို သုတေသနပြု လေ့လာချက်များအရ သိရှိရပါကြောင်း။


 

     စိတ်ကျန်းမာရေး ပြဿနာရပ်များအနက် စိတ်ကျဝေဒနာသည် တစ်ကမ္ဘာ့လုံး အတိုင်းအတာဖြင့် နှိုင်းယှဉ်းပါက အများဆုံးတွေ့ရသည့် ဝေဒနာဖြစ်ပါကြောင်း။ လက်ရှိ အခြေအနေတွင် ကမ္ဘာတစ်ဝန်းလုံး၌ စိတ်ကျရောဂါ ခံစားနေရသူဦးရေ (၃၂၂) သန်းရှိ၍ အရှေ့တောင်အာရှ နိုင်ငံများတွင် စိတ်ကျရောဂါ ခံစားနေရသူ ၈၆ သန်း ရှိနေပါကြောင်း၊ ၂၀၀၅ ခုနှစ်မှ  ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း စိတ်ကျ ရောဂါ ဝေဒနာရှင် အရေအတွက် ၁၈ ရာခိုင်နှုန်းကျော် မြင့်တတ်လာခဲ့ပါ ကြောင်း၊ ထိုပြင် လူဦးရေ ၈သိန်း နီးပါးခန့်သည် နှစ်စဉ် မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိနေပါကြောင်း ပြောကြားသည်။


 

     ထို့နောက် အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်က ဖတ်ကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

 
 

More Tags